EHM ၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် အမှတ်စဥ် (၅) အဖြစ် စာဒန်းပရဟိတအသင်းဖြင့်ပူးပေ့င်း၍ မလေးရှားနိုင်ငံ ဘူကစ်စာဒန်း (Bukit Serdang) မြို့တွင် ၂၀၂၃ခုနှစ် ၄လပိုင်း ၉ရက် နေ့လည် (၁၀)နာရီမှ စတင် ပြုလုပ်ပေးခဲ့ပါသည်။
အဆိုပါ ကျန်းမားဆရးစောင့်ရှောက်မှူ အစီအစဥ်အရ အထွေထွေ ကျန်းမာရေးစစ်ဆေးမှူများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးကိစ္စမျိုးစုံကို ဆရာဝန်ကြီးများမှ အကြံပေးဆွေးနွေးပေးခြင်း၊ သွား နှင့်ခံတွင်းဆိုင်ရာ ကုသ အကြံပေးခြင်း၊ COVID ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို လူမျိူးမရွေး ဘာသာမရွေး အခမဲ့ ကူညီ ကုသ ပေးခဲ့ပါသည်။
ဝေဒနာရှင်များလိုအပ်သော ဆေးဝါး နှင့် ဗီတာမင်အားဆေးများကိုလည်း အခမဲ့ ဝေငှပေးခဲ့ပါသည်။
EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှူ အစီအစဥ် အမှတ်စဥ် (၅) အဆင်ပြေချောမွေ့စေရန် အဖက်ဖက်မှ လိုလေသေးမရှိအောင် ကူညီ ဆောင်ရွက်ပေးခဲ့ကြပါသော “စာဒန်းပရဟိတအသင်း” တာဝန်ရှိပုဂ္ဂိုလ်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။








