၃လပိုင်း ၅ရက် ၂၀၂၃တွင် ကာဂျန်း(Kajang)မြို့ တွင် EHM Malaysia အဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် EHMဥက္ကဋ္ဌ ဖလား ရံပုံငွေ ချစ်ကြည်ရေးဘော်လုံးအားကစားပြိုင်ပွဲ အား အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့ပါသည်။
Malaysia နိုင်ငံ အနယ်နယ် အရပ်ရပ်မှ လာရောက် ဝန်းရံ ပေးကြပါသောပြိုင်ပွဲဝင် အသင်းများမှ အသင်းခေါင်းဆောင်များနှင့်တကွ အသင်းသားများအားလည်း လှိုက်လှဲစွာကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည် ခင်ဗျာ။
အစားအသောက် ဧည့်ခံကြွေးမွေးရေး နှင့်တကွ အစစ အရာရာ ကူညီပေးပါသော ကိုသန်းဝင်း….မသင်းသင်းနွယ် နှင့် တကွ Kajang လူငယ် အဖွဲ့ဝင် ညီငယ်/ညီမငယ် များအားလုံးအားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
EHM member အယောက်စီတိုင်းနှင့်တကွ မိသားစု၀င် အားလုံးအားလည်း ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။
အခြား ကျေးဇူးတင်စကားပြောရန် မေ့ကျန်ခဲ့သူ အားလုံးအားလည်း နူးညွတ်စွာတောင်းပန်ရင်း ကျေးဇူးတင်ထိုက်သူအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါသည် ခင်ဗျာ။
EHMဥက္ကဋ္ဌ ဖလား ဘော်လုံးအားကစားပြိုင်ပွဲကြီးကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ပွဲဖြစ်မြောက်ရေးအပေါ် အဘက်ဘက်မှ လူအား ငွေအား အချိန်အားဖြင့် အားသွန်ခွန်စိုက် ပါဝင်ကူညီခဲ့ကျသော လူပုဂ္ဂိုလ် အသင်းအဖွဲ့ တစ်ယောက်စီတိုင်းကို EHM malaysia မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ခင်ဗျာ။






