၂၀၂၃ ခုနှစ် ၁လပိုင်း ၇ရက်နေ့တွင် EHM ရုံးခန်း၌ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံးအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှူ အစီအစဥ်တစ်ရပ် အနေဖြင့် လူမျိူးမရွေး ဘာသာမရွေး “အခမဲ့” Covid ကာကွယ်ဆေးထိုးပေးခြင်းနှင့် အတူ အခမဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ စစ်ဆေးမှူများ နှင့် သွားနှင့်ခံတွင်း ဆိုင်ရာ စစ်ဆေးပေးမှူများကို ကျွမ်းကြင်ဆရာဝန်ကြီးများဦးစီး၍ မလေးရှား ကြက်ခြေနီ အဖွဲ့မှ ကူညီပြုလုပ်ပေးခဲ့ပါသည်။
အဆိုပါ အခမဲ့ ကျန်းမားရေး ကူညီဆောင်ရွက်မှူများပြုလုပ်ပေးနိုင်ရန် အဘက်ဘက်မှ ကူညီပေးကျပါသော မွန် ဥက္ကဋ္ဌ ကိုနိုင်ဝဏ္ဏ၊Hospital University Kebangsaan Malaysia မှ ဆရာမကြီး ‘ခင်’၊မလေးရှား MRCS ကြက်ခြေနီ အသင်း မှ လုပ်အားပေး ညီငယ် ညီမငယ်များ၊ EHM ရုံးခန်းသို့ အလှူငွေများ လာရောက်လှူဒါန်းပါသော LK LOGISTICS မှ အကိုနှင့်အမ၊Puchongမှ Rm100လှူဒါန်းပါသောစေတနာရှင်လူငယ်တစ်ဦး နှင့်တကွ အဘက်ဘက်မှ ၏ ကျန်းမာရေးကူညီစောင့်ရှောကျမှူ လုပ်ငန်းစဥ် အထမြောက်အောင် ကူညီအားပေးကျပါသော EHM မိသားစု ဝင် အပေါင်းတို့ အား အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။
EHM-malaysia
သတင်းနှင့်ပြန်ကြားရေး

















