Author name: EHM Malaysia

“EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် ဒုတိယနေ့ “

EHM၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် ဒုတိယနေ့ ကို ကာဂျန်း(kajang)မြို့ BANDAR TECH တွင် ယနေ့ နေ့လည် ၁၁နာရီမှ စတင်၍ ပြုလုပ်ပေးခဲ့ပါသည်။ ဒုတိယနေ့တွင်လည်း ပထမနေ့ကဲ့သို့ပင် အထွေထွေ ကျန်းမာရေးစစ်ဆေးမှူများပြုလုပ်ပေးခြင်း၊ကျန်းမာရေးကိစ္စမျိူးဆုံကို ဆရာဝန်ကြီးများမှအကြံပေးဆွေးနွေးပေးခြင်း၊သွား နှင့်ခံတွင်းဆိုင်ရာ ကုသ အကြံပေးခြင်း၊ COVID ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို လူမျိူးမရွေး ဘာသာမရွေး အခမဲ့ ကူညီ ကုသ ပေးခဲ့ပါသည်။ EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှူ ဒုတိယနေ့ အစီအစဥ် ချောမွေ့စေရန် အဘက်ဘက်မှ ကြိုးစား ကူညီ ဆောင်ရွက် ပေးခဲ့ကျပါသော “ကာဂျန်း လူငယ် အဖွဲ့” အား အထူးပင်ကျေးဇူးတင်ရှိပါသည်။ နောင်တွင်လည်း EHM အသင်းကြီး […]

“EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် ဒုတိယနေ့ “ Read More »

“EHM malaysia ၏ကျန်းမာဆိုင်ရာ အခမဲ့ ကူညီစောင့်ရှောက်ပေးခြင်း”

၂၀၂၃ ခုနှစ် ၁လပိုင်း ၇ရက်နေ့တွင် EHM ရုံးခန်း၌ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံးအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှူ အစီအစဥ်တစ်ရပ် အနေဖြင့် လူမျိူးမရွေး ဘာသာမရွေး “အခမဲ့” Covid ကာကွယ်ဆေးထိုးပေးခြင်းနှင့် အတူ အခမဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ စစ်ဆေးမှူများ နှင့် သွားနှင့်ခံတွင်း ဆိုင်ရာ စစ်ဆေးပေးမှူများကို ကျွမ်းကြင်ဆရာဝန်ကြီးများဦးစီး၍ မလေးရှား ကြက်ခြေနီ အဖွဲ့မှ ကူညီပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါ အခမဲ့ ကျန်းမားရေး ကူညီဆောင်ရွက်မှူများပြုလုပ်ပေးနိုင်ရန် အဘက်ဘက်မှ ကူညီပေးကျပါသော မွန် ဥက္ကဋ္ဌ ကိုနိုင်ဝဏ္ဏ၊Hospital University Kebangsaan Malaysia မှ ဆရာမကြီး ‘ခင်’၊မလေးရှား MRCS ကြက်ခြေနီ အသင်း မှ လုပ်အားပေး ညီငယ် ညီမငယ်များ၊ EHM ရုံးခန်းသို့ အလှူငွေများ

“EHM malaysia ၏ကျန်းမာဆိုင်ရာ အခမဲ့ ကူညီစောင့်ရှောက်ပေးခြင်း” Read More »

EHM Malaysia နှင့်ကာဂျန်း ဘောလုံးပြိုင်ပွဲ၊ ရန်ပုံငွေစျေးရောင်းပွဲတော်

10/7/2022 နေ့ ကာဂျန်း(Kajang)မြို့ တွင် EHM Malaysia နှင့် ကာဂျန်းလူငယ် အဖွဲ့မှ ကြီးမှူးကျင်းပသော ဘော်လုံးအားကစားပြိုင်ပွဲ နှင့် ရန်ပုံ‌ ငွေစျေးရောင်းပွဲတော်အား အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့သည့် အတွက် EHM(malaysia) မိသားစု မှ အထူးပင် ဝမ်းသာ​ကျေနပ်မိပါသည်။ အဖွင့် အမှာစကားနှင့် နှစ်ဘက်အားကစားသမားများ တရားမျှမျတတ ချစ်ချစ်ခင်ခင် ယှဥ်ပြိုင်ကျပါရန် အမှာစကားပြောကြားပေးပါသော EHM(malaysia) ရုံးအဖွဲ့မှူး ကို Kirk Kyaw အားလည်း ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ၊ အစားအသောက် ဧည့်ခံကြွေးမွေးရေးနှင့်တကွ အစစ အရာရာ လိုလေးသေးမရှိ အောင် စီစဥ်ပေးပါသော Kajang လူငယ် အဖွဲ့ နှင့်တကွ EHM(Malaysia) ၏ EC များဖြစ်ကျသော ကိုသန်းဝင်း….မသင်းသင်းနွယ် နှင့် Kajang နယ်မြေတာဝန်ခံများအားလုံးအားလည်း

EHM Malaysia နှင့်ကာဂျန်း ဘောလုံးပြိုင်ပွဲ၊ ရန်ပုံငွေစျေးရောင်းပွဲတော် Read More »

ခြေထောက်ကျိုးသူအား EHM အသင်းမှ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှတ်တမ်း

EHM Malaysia Team ကျန်းမာရေးစောင့် ရှောက်မှု ကာဂျန်းနယ်မြေ EHM Malaysia Team ကာဂျန်းလူငယ်အဖွဲ့မှ ကြီးမှုးကျင်းပသော ရန်ပုံငွေ ဘောလုံးပွဲတွင် ခြေထောက်ကျိုးသွားသော ညီငယ်တယောက်အား EHM Malaysia Team မှတာဝန်ရှိသူများနှင့် ကာဂျန်းလူငယ်အဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးအတွက်လိုအပ်ချက်များ ကူညီထောက်ပံ့ခဲ့ပါသည်။

ခြေထောက်ကျိုးသူအား EHM အသင်းမှ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှတ်တမ်း Read More »

မြွေကိုက်ခံရသောလူနာအား EHM အသင်းမှ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှတ်တမ်း

EHM Malaysia Teamကျန်းမာရေးစောင့် ရှောက်မှုမလေးရှား နိုင်ငံ Butterworth မြို့မှ မြွေကိုတ်ခံ ရသော အရေးပေါ်လူနာ အား ဆေးရုံတက်ကုသခွင့်‌ ရရရှိအောင်EHM Member card ထုတ်ပေးနိုင်ခဲ့ခြင်း အတွက် EHM မိသားစု မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။လူနာအား အစ အဆုံး လိုက်ပါကူညီပေးသော Butterworth နယ်​မြေတာဝန်ခံ နှင့် လှူမှူ အသင်း အဖွဲ့ အားလုံး အားလည်း အထူးပင် ကျေးဇူးတင် ရှိပါသည်ခင်ဗျာ။

မြွေကိုက်ခံရသောလူနာအား EHM အသင်းမှ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှတ်တမ်း Read More »

EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း

၂၂.၀၅.၂၀၂၂ (ည-၉း၀၀) မလေးရှား EHM-Malaysia စတင်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို မလေးရှားစံတော်ချိန် ည (၉) နာရီတွင် စတင်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကိုရန်ကုန် (ထိုင်းနိုင်ငံ)မှ တာဝန်ယူဆောင်ရွက်ပေးပါသည်။ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသော အကြောင်းအရာများမှာ – EHM-Malaysia ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ဆရာ ရောဘတ်စောထူးအောင်မှ ပြောကြားပေးပါသည်။ အစည်းအဝေးတက်ရောက်လာသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဖွဲ့အစည်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနေရာများနှင့် အခြားအဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့် တာဝန်နှင့် နေရာအသီးသီးကို အောက်ဖေါ်ပြပါလူများအား ရွေးချယ်ပေးခဲ့ပါသည်။ ဆရာရောဘတ်စောထူးအောင်မှ ယာယီဖွဲ့စည်းထားသော EHM-Malaysia ကိုဖျက်သိမ်းပြီး တရားဝင်ဖွဲ့စည်းပြီးကြောင်း ကြေငြာခဲ့ပါသည်။ အများသဘောတူညီမှုဖြင့် ခန့်အပ်ထားသော ဥက္ကဌ (EHM-Malaysia) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း Read More »

စေတနာ့ဝန်ထမ်း သင်ကြားရေး ဆရာ/ဆရာမ ခေါ်ယူခြင်း

စေတနာ့ဝန်ထမ်းသင်ကြားရေးဆရာ/ဆရာမများခေါ်ယူခြင်း

FME -School of Basic Educaiton သည် NUG-MOE အသိအမှတ်ပြု ကြားကာလ ပညာသင်ကြားရေးနှင့် CDM Support လုပ်ငန်းများဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သော Online သင်တန်းကျောင်းဖြစ်ပါသည်။ စေတနာဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်မည့် ပညာရေး CDM ဆရာ/ဆရာမများအား လေစားစွာ ဖိတ်ခေါ်အပ်ပါသည်။

စေတနာ့ဝန်ထမ်းသင်ကြားရေးဆရာ/ဆရာမများခေါ်ယူခြင်း Read More »

ခရမ်းမြို့နယ် CDM ဝန်ထမ်းများအတွက် EHM မှ ထောက်ပံ့လှူဒါန်းခြင်း

” NUG ၊ ပညာရေးဝန်ကြီးဌာန မှ တစ်ဆင့် Education & Healthcare for Myanmar အဖွဲ့ ” က အလှူငွေ ၅၀၀၀၀၀၀ (သိန်းငါးဆယ်ကျပ်တိတိ) ကို ခရမ်းမြို့နယ် ခက်ခဲCDMဝန်ထမ်းများကူညီနိုင်ရန်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ လက်ခံရရှိသောအလှူငွေကို ကြားကာလပညာရေးအ​ကောင်အထည်ဖော်နိုင်ရေး နှင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့ရေးတို့တွင် စနစ်တကျ စီမံအသုံးပြုသွားမည် ဖြစ်ပါသည်။ ယုံကြည်စွာ လှူဒါန်းပေးသူများကို အထူးကျေးဇူးတင်ပါသည်။ CDM ဝန်ထမ်းများအတွက် ပြည်သူလူထုမှ ဆက်လက်လှူဒါန်းပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ လှူဒါန်းလိုပါက EHM-Malaysia Facebook Page Messenger မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ…

ခရမ်းမြို့နယ် CDM ဝန်ထမ်းများအတွက် EHM မှ ထောက်ပံ့လှူဒါန်းခြင်း Read More »