EHM-Malaysia ၏ လှုပ်ရှားမှုများ

EHM (Malaysia) လန်ကာဝီ ရန်ပုံငွေခရီးစဥ်

လန်ကာဝီ ရန်ပုံငွေခရီးစဥ် ဖြစ်မြောက်လာစေရန် ကိုယ်အားစိတ်အား ဖိနှစ်ပြီး အားကြိုးမာန်တက် ကူညီလုပ်ဆောင်ပေးကြပါသော EHM (Malaysia) ရန်ပုံငွေရှာဖွေရေး အဖွဲ့ခေါင်းဆောင် ကိုလှ​‌‌‌ဌေး နှင့် နာယက ဆရာမကြီး၊ ခရီးစဥ်တစ်​လျှောက်လုံးအား အဆင်ပြေချောမွေ့ လုံခြုံစေရန် စီမံခန့်ခွဲပေးပါသော EHM (Malaysia) ဥက္ကဋ္ဌ ဦးAlex နှင့် ဦးမျိုး (Puchong)၊ ငွေကြေးစာရင်းဇယားများ နှင့် အမှတ်တရမီးပုံပွဲ ဖြစ်မြောက်အောင် ဦးဆောင် စီစဥ်ပေးပါသော Finance Team မှ မဇင်မာ နှင့် မမေဇင် တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ EHM (Malaysia) မိသားစုဝင် များ၏ ခရီးစဥ် တစ်လျှောက်လုံး လန်ကာဝီကျွန်းပေါ်တွင် အစစ အရာရာ လိုလေသေးမရှိအောင် စီမံဆောင်ရွက်ပေးပါသော အကိုကြီး ကိုကျော်ဝင်း(Joe)အားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ အမှတ်တရ […]

EHM (Malaysia) လန်ကာဝီ ရန်ပုံငွေခရီးစဥ် Read More »

ပီနန်းရှိ SLC ကျောင်းအတွက်ကူညီပံ့ပိုးပေး

မလေးရှား EHM အသင်းကြီးမှ ပီနန်းရှိ SLC ကျောင်းအတွက် ပညာရေးဆိုင်ရာ ကိစ္စရပ်များဖေါ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မလေးရှားရင်းဂစ် ၄၇၄၂ (Rm4742) ကူညီပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ကျနော်တို့၏ အလှူငွေ အား လက်ခံပေးပါသော SLC ကျောင်းအုပ် ဆရာမ ဒေါ်သင်းသင်းနိုင်အားလည်း ယခုကဲ့သို့ EHMသင်းကြီး အား ကူညီခွင့်ပေးသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

ပီနန်းရှိ SLC ကျောင်းအတွက်ကူညီပံ့ပိုးပေး Read More »

EHM Malaysia အဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် EHMဥက္ကဋ္ဌ ဖလား ရံပုံငွေ ချစ်ကြည်ရေးဘော်လုံးအားကစားပြိုင်ပွဲ

၃လပိုင်း ၅ရက် ၂၀၂၃တွင် ကာဂျန်း(Kajang)မြို့ တွင် EHM Malaysia အဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် EHMဥက္ကဋ္ဌ ဖလား ရံပုံငွေ ချစ်ကြည်ရေးဘော်လုံးအားကစားပြိုင်ပွဲ အား အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့ပါသည်။ Malaysia နိုင်ငံ အနယ်နယ် အရပ်ရပ်မှ လာရောက် ဝန်းရံ ပေးကြပါသောပြိုင်ပွဲဝင် အသင်းများမှ အသင်းခေါင်းဆောင်များနှင့်တကွ အသင်းသားများအားလည်း လှိုက်လှဲစွာကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည် ခင်ဗျာ။ အစားအသောက် ဧည့်ခံကြွေးမွေးရေး နှင့်တကွ အစစ အရာရာ ကူညီပေးပါသော ကိုသန်းဝင်း….မသင်းသင်းနွယ် နှင့် တကွ Kajang လူငယ် အဖွဲ့ဝင် ညီငယ်/ညီမငယ် များအားလုံးအားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ EHM member အယောက်စီတိုင်းနှင့်တကွ မိသားစု၀င် အားလုံးအားလည်း ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ အခြား ကျေးဇူးတင်စကားပြောရန်

EHM Malaysia အဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် EHMဥက္ကဋ္ဌ ဖလား ရံပုံငွေ ချစ်ကြည်ရေးဘော်လုံးအားကစားပြိုင်ပွဲ Read More »

၂၃ရက် ၁လ ၂၀၂၃ Kepong တွင်ကျင်းပသော စစ်ဘေးရှောင် ရံပုံငွေ ချစ်ကြည်ရေ ဘောလုံးပွဲ ပုံရိပ်များ။

၂၃ရက် ၁လ ၂၀၂၃ Kepong တွင်ကျင်းပသော စစ်ဘေးရှောင် ရံပုံငွေ ချစ်ကြည်ရေ ဘောလုံးပွဲ ပုံရိပ်များ။ Read More »

EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် အမှတ်စဥ်(၅)

EHM ၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် အမှတ်စဥ် (၅) အဖြစ် စာဒန်းပရဟိတအသင်းဖြင့်ပူးပေ့င်း၍ မလေးရှားနိုင်ငံ ဘူကစ်စာဒန်း (Bukit Serdang) မြို့တွင် ၂၀၂၃ခုနှစ် ၄လပိုင်း ၉ရက် နေ့လည် (၁၀)နာရီမှ စတင် ပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါ ကျန်းမားဆရးစောင့်ရှောက်မှူ အစီအစဥ်အရ အထွေထွေ ကျန်းမာရေးစစ်ဆေးမှူများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးကိစ္စမျိုးစုံကို ဆရာဝန်ကြီးများမှ အကြံပေးဆွေးနွေးပေးခြင်း၊ သွား နှင့်ခံတွင်းဆိုင်ရာ ကုသ အကြံပေးခြင်း၊ COVID ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို လူမျိူးမရွေး ဘာသာမရွေး အခမဲ့ ကူညီ ကုသ ပေးခဲ့ပါသည်။ ဝေဒနာရှင်များလိုအပ်သော ဆေးဝါး နှင့် ဗီတာမင်အားဆေးများကိုလည်း အခမဲ့ ဝေငှပေးခဲ့ပါသည်။ EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှူ

EHM အသင်းကြီး၏ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှူ အစီအစဥ် အမှတ်စဥ်(၅) Read More »

EHM Malaysia နှင့်ကာဂျန်း ဘောလုံးပြိုင်ပွဲ၊ ရန်ပုံငွေစျေးရောင်းပွဲတော်

10/7/2022 နေ့ ကာဂျန်း(Kajang)မြို့ တွင် EHM Malaysia နှင့် ကာဂျန်းလူငယ် အဖွဲ့မှ ကြီးမှူးကျင်းပသော ဘော်လုံးအားကစားပြိုင်ပွဲ နှင့် ရန်ပုံ‌ ငွေစျေးရောင်းပွဲတော်အား အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့သည့် အတွက် EHM(malaysia) မိသားစု မှ အထူးပင် ဝမ်းသာ​ကျေနပ်မိပါသည်။ အဖွင့် အမှာစကားနှင့် နှစ်ဘက်အားကစားသမားများ တရားမျှမျတတ ချစ်ချစ်ခင်ခင် ယှဥ်ပြိုင်ကျပါရန် အမှာစကားပြောကြားပေးပါသော EHM(malaysia) ရုံးအဖွဲ့မှူး ကို Kirk Kyaw အားလည်း ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ၊ အစားအသောက် ဧည့်ခံကြွေးမွေးရေးနှင့်တကွ အစစ အရာရာ လိုလေးသေးမရှိ အောင် စီစဥ်ပေးပါသော Kajang လူငယ် အဖွဲ့ နှင့်တကွ EHM(Malaysia) ၏ EC များဖြစ်ကျသော ကိုသန်းဝင်း….မသင်းသင်းနွယ် နှင့် Kajang နယ်မြေတာဝန်ခံများအားလုံးအားလည်း

EHM Malaysia နှင့်ကာဂျန်း ဘောလုံးပြိုင်ပွဲ၊ ရန်ပုံငွေစျေးရောင်းပွဲတော် Read More »

EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း

၂၂.၀၅.၂၀၂၂ (ည-၉း၀၀) မလေးရှား EHM-Malaysia စတင်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို မလေးရှားစံတော်ချိန် ည (၉) နာရီတွင် စတင်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကိုရန်ကုန် (ထိုင်းနိုင်ငံ)မှ တာဝန်ယူဆောင်ရွက်ပေးပါသည်။ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသော အကြောင်းအရာများမှာ – EHM-Malaysia ၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ဆရာ ရောဘတ်စောထူးအောင်မှ ပြောကြားပေးပါသည်။ အစည်းအဝေးတက်ရောက်လာသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဖွဲ့အစည်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနေရာများနှင့် အခြားအဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့် တာဝန်နှင့် နေရာအသီးသီးကို အောက်ဖေါ်ပြပါလူများအား ရွေးချယ်ပေးခဲ့ပါသည်။ ဆရာရောဘတ်စောထူးအောင်မှ ယာယီဖွဲ့စည်းထားသော EHM-Malaysia ကိုဖျက်သိမ်းပြီး တရားဝင်ဖွဲ့စည်းပြီးကြောင်း ကြေငြာခဲ့ပါသည်။ အများသဘောတူညီမှုဖြင့် ခန့်အပ်ထားသော ဥက္ကဌ (EHM-Malaysia) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

EHM MALAYSIA တရားဝင်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစည်းအဝေးမှတ်တမ်း Read More »